
အကျဥ်းချုံး
မြန်မာနိုင်ငံသည် အုပ်ချုပ်ရေးစနစ်အမျိုးမျိုးအောက်တွင် မြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်လာခဲ့သည်။ အဆိုပါမြေယာဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများသည် တစ်တခါတစ်ရံတွင် မြေယာဆိုင်ရာ ပြဿနာများကို အထိုက်အလျောက်ဖြေရှင်းနိုင်ခဲ့သော်လည်း တစ်ခါတစ်ရံတွင် မြေယာပြဿနာအသစ်များကို ဖန်တီးရာရောက်ခဲ့သည်များလည်း ရှိခဲ့သည်။ မြေယာစီမံအုပ်ချုပ်မှုအတွက် ပြဋ္ဌာန်းကျင့်သုံးလာခဲ့သော မြေယာဆိုင်ရာမူဝါဒ၊ ဥပဒေ၊ နည်းဥပဒေနှင့် လမ်းညွှန်ချက်များသည် အစိုးရအဆက်ဆက်တို့က လက်ဆင့်ကမ်းလာခဲ့သော မြေယာပြဿနာများကို ထိရောက်စွာဖြေရှင်းနိုင်ခဲ့ခြင်းမရှိသည့်အပြင် မြေယာဆိုင်ရာပြဿနာသစ်များကိုပါ ထွက်ပေါ်လာစေခဲ့သောကြောင့် မြေယာပြဿနာများသည် မြန်မာနိုင်ငံ၏ ဖြေရှင်း၍ မပြီးဆုံးနိုင်သော ပြဿနာတစ်ခုအဖြစ် ယနေ့ထိတိုင်ရှိနေပါသည်။ အနာဂတ်တွင် အာဏာရလာမည့် အစိုးရအဆက်ဆက်တို့အတွက်လည်း ကြီးမားသောစိန်ခေါ်မှုတစ်ရပ်အနေဖြင်း ဆက်လက်ရှိနေနိုင်ပါသည်။
စာအုပ်ရရယူရန်…. နှိပ်ပါ။