English   ျမန္မာ

Sectoral Policy Recommendations – 3rd Edition (Burmese Version)

0
Want create site? Find Free WordPress Themes and plugins.

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒအကြံပြုချက်များ

(မူကြမ်းများ)


နိဒါန်း

၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ1 အပေါ် အခြေခံပြီး ရေးဆွဲထားသော မြန်မာနိုင်ငံ၏ လက်ရှိကျန်းမာရေးမူဝါဒကိုသုံးသပ်ရာတွင် ဗဟိုချုပ်ကိုင်မှုတင်းကြပ်သော မူဝါဒ ဖြစ်နေပါသည်။ လက်ရှိအခြေအနေတွင် ကျန်းမာရေးဆိုင်ရာ အသုံးစရိတ်နည်းပါးခြင်း၊ ကျန်းမာရေးဆိုင်ရာအခြေခံအဆောက်အအုံများ2 လုံလောက်မူမရှိခြင်း၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲခြင်း၊ ကျွမ်းကျင်ဝန်ထမ်းအင်အားနှင့်ဆေးဝါးအရင်းအမြစ် မလုံလောက် ခြင်း၊ ပြည်သူ့ကျန်းမာရေးကို စနစ်တကျအကောင်အထည်ဖော်မှု အားနည်းခြင်း၊ အခြေခံ ကျန်းမာရေးအဆောက်အအုံတည်ဆောက်ရာတွင် လူထုနှင့်ညှိနှိုင်းဆောင်ရွက်မှုမရှိခြင်း၊ ဝေးလံခေါင်းပါးသောဒေသများတွင် ကျန်းမာရေးဝန်ဆောင်မူကဏ္ဍ ပိုမိုလျစ်လျူရှုမှုခံနေ ရခြင်းတို့ ရှိနေပါသည်။

နိုင်ငတံကာဆေးဝါးပစ္စည်းနှင့်ကျန်းမာရေးအကူအညီများကိုဗဟိုမှထိန်းချုပ်ထားခြင်းနှင့် အဆင့်ဆင့်အကျင့်ပျက်ခြစားမှုများကြောင့် အထူးသဖြင့် လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် ကျန်းမာရေးကဏ္ဍ ပိုမိုလျစ်လျူရှုခံရပြီး ကျန်းမာရေးဝန်ဆောင်မှုများ ဆိုးရွားစွာ နိမ့်ကျလျက်ရှိနေသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဖော်ဆောင်လာနေသည့်အချိန်ကာလတွင် (EAOs) ၏ နယ်မြေများအတွင်းရှိ လူထမျာုးကိုထောက်ပံ့နေသည့်နယ်စပ်ဖြတ်ကျော်ကျန်းမာရေးအကူအညီများကိုလည်း အစိုးရမှ ကန့်သတ်ထိန်းချုပ်မှုများ ပြုလုပ်လာခြင်း၊ ကျန်းမာရေးဝန်ဆောင်မှုကိုအကြောင်းပြ၍ နယ်မြေစိုးမိုးမှုကိုဆောင်ရွက်နေခြင်းတို့ ပြုလုပ်လာပါသည်။ အထူးသဖြင့်တပ်မတော်သည် ပြည်သူ့ကျန်းမာရေးယန္တရားကိုပါ တစ်စထက်တစ်စ လွှမ်းမိုးချုပ်ကိုင်လာသည်ကို တွေ့မြင်နေရသည်။ တချိန်တည်းတွင် ပုဂ္ဂလိကဆေးရုံနှင့်ဆေးခန်းများပြားလာသည်နှင့်အမျှ ၎င်းတို့နှင့် ပြည်သူတစ်ရပ်လုံး၏ ကျန်းမာရေးဝန်ဆောင်မှုကို ချိတ်ဆက်သည့်မူဝါဒများလည်း တိတိပပမတွေ့ရပေ။

ထို့ကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျန်းမာရေးတိုးတက်မှုအညွှန်းကိန်း (Health Indicator) လွန်စွာနိမ့်ကျနေမှုကြောင့် နိုင်ငံသားအားလုံး ကျန်းမားရေးဝန် ဆောင်မှုများသာတူညီမျှရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံ၏ကျန်းမာရေးဆိုင်ရာမူဝါဒအပါအဝင် ယန္တရားတစ်ခုလုံးကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု၏ ကျန်းမာရေးစနစ်နှင့် အညီ ပြုပြင်ပြောင်းလဲရန် လိုအပ်နေပေသည်။………

စာတမ်းအပြည့်အစုံရယူရန် – SPR 3rd Edition

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.