English   ျမန္မာ

IDPs and Refugees Paper (Burmese Version)

0
Want create site? Find Free WordPress Themes and plugins.

အကျဥ်းချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသည် လူမျိုးတစ်မျိုးတည်းဖြင့်ဖွဲ့စည်းထားသော ပြည်ထောင်စုမဟုတ်ပဲ၊ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်အပေါ် အခြေခံထားသော ပြည်ထောင်စုပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် လွတ်လပ်ရေးရပြီးချိန်မှစ၍ တိုင်းရင်းသားလူမျိုးများနေထိုင်သော ပြည်နယ်များ၌ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့် မရရှိခြင်းကြောင့် ပြည်တွင်းစစ်ဖြစ်ပွားနေသည်မှာ နှစ်ပေါင်း (၇၀) ကျော်ကြာမြင့်လာပြီဖြစ်သည်။ ဤသုတေသနစာတမ်းသည် ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများနှင့် ဒုက္ခသည်များ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီဆိုင်ရာမူဝါဒများ (မူကြမ်း)အပေါ် အခြေခံရေးသားခြင်းဖြစ်သည်။ ဤစာတမ်းရေးသားရသည့်ရည်ရွယ်ချက်မှာ စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များ မိမိဌာနေအရပ်သို့ ဘေးကင်းလုံခြုံ၍လူ့ဂုဏ်သိက္ခာရှိရှိဖြင့် ပြန်လည်နေရာချထားရေးနှင့် နေရပ်ပြန်ရေးလုပ်ငန်းများ လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ယင်းအပြင် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များထံသို့ တိုက်ရိုက်ရောက်ရှိနိုင်စေရန်ဖြစ်သည်။ မြန်မာနိုင်ငံ၏ စစ်ဘေးရှောင်များနှင်း ဒုက္ခသည်များအရေးကိစ္စရပ်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ၊ လူမှုရေးအခန်းကဏ္ဍ၏ အဓိကထားဆွေးနွေးလျက်ရှိသည်။ ယင်းအပြင်အခြားသောကဏ္ဍများဖြစ်သည့် စီးပွားရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်၊ နိုင်ငံရေးနှင့် လုံခြုံရေးအခန်းကဏ္ဍများတွင်လည်း စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအရေးကို ဆက်စပ်ထည့်သွင်းဆွေးနွေးစေရန် ရည်ရွယ်၍ ရေးသားပြုစုထားခြင်းဖြစ်ပါသည်။

ကချင်၊ ကယား(ကရင်နီ)၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်နှင့် ရှမ်း အစရှိသော ပြည်နယ်များတွင် စစ်ဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိနေရသည်။ ဒုက္ခသည်များကို ထိုင်း – မြန်မာ နယ်စပ်တလျှောက် စခန်း (၉) ခုဖွင့်လှစ်ထားသည်။ ပြည်တွင်းနေရပ်စွန့်ခွာတိမ်းရှောင်သူများ သို့မဟုတ် စစ်ဘေးရှောင်များနှင့် ဒုက္ခသည်များအဖြစ်သို့ရောက်ရှိရသည့် အဓိအကြောင်းအရင်းသည် နိုင်ငံရေးတန်းတူညီမျှမှုနှင်း ကိုယ်ပိုင်အုပ်ချုပ်ပြဋ္ဌာန်းပိုင်ခွင့် မရရှိခြင်းများကြောင့် ပြည်တွင်းစစ်ပွဲဖြစ်ပွားလာခြင်း၏ အကျိုးဆက်များဖြစ်သည်။ ပြည်တွင်းစစ်ပွဲအတွင်း နှစ်ဖက်လက်နက်ကိုင်တပ်ဖွဲ့များ၏ ထောင်ထားသောမြေမြှုပ်မိုင်းများနင်းမိခြင်းကြောင့်…

Click here to download. Download ရယူရန် ဤ link ကိုနှိပ်ပါ။

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.