English   ျမန္မာ

Fiscal Federalism: Implications for Future Federal Democratic Union of Myanmar (Burmese Version)

0
Want create site? Find Free WordPress Themes and plugins.

ဘဏ္ဍာရေးဖက်ဒရယ်စနစ်

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် စဉ်းစားချက်များ

အနှစ်ချုပ်

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာရေးကို အထောက်အကူပြုနိုင်ရန်နှင့် ဖက်ဒရယ်စနစ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို လေ့လာနိုင်ရန် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ဆိုင်ရာ ယခုသုတေသနစာတမ်းကို ပြုစုရေးသားခဲ့ပါသည်။ ဤစာတမး်တွင် ဖက်ဒရယနိ်ုင်ငံအချို့က ကျင့်သုံးလျက်ရှိသော ဘဏ္ဍာရေးဖက်ဒရယ်စနစ်တို့ကို လေ့လာတင်ပြထားပြီး မြန်မာနိုင်ငံ၏ လက်ရှိဘဏ္ဍာရေးစနစ်နှင့်စပ်လျဉ်း၍ ဖက်ဒရယ်စနစ်နှင့်အညီ ဘဏ္ဍာရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ပြုလုပ်သွားနိုင်ရန် အကြံပြုချက်များ တင်ပြထားသည်။ မြန်မာနိုင်ငံနှင့် သင့်လျော်နိုင်မည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို အများပြည်သူနှင့် မူဝါဒရေးဆွဲချမှတ်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုနိုင်ရန် ဤစာတမ်းသည် အသုံးဝင်သည့် အရင်းအမြစ်တစ်ခုဖြစ်ရန် မျှော်လင့်ပါသည်။

လွပ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးအားလုံး နိုင်ငံရေးတန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို အာမခံချက်ပေးသည့် ဖက်ဒရယ်စနစ် ထူထောင်ရန် ကြိုးပမ်းမှုများ ရှိခဲ့သည်။ သို့သော်လည်း အာဏာရအစိုးရအဖွဲ့၊ အထူးသဖြင့် စစ်အစိုးရအဖွဲ့တို့ကသာ အသာစီးရခဲ့ကြပြီး ဗဟိုချုပ်ကိုင်မှု ကြီးစိုးသည့် တပြည်ထောင်အုပ်ချုပ်ရေးစနစ်ဖြင့် မြန်မာနိုင်ငံကို ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်လာခဲ့သည်။ တိုင်းရင်းသားအဖွဲ့အစညး်များသည် ၎င်းတို့၏ဖက်ဒရယ်ရည်မှန်းချက်အတွက် နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရန် ကြိုးစားခဲ့သော်လည်း အမျိုးမျိုးသော ဖိနှိပ်မှုများကြောင့် စစ်အစိုးရကို လက်နက်စွဲကိုင်တော်လှန်သည့်နည်းကို မလွှဲမရှောင်သာ ရွေးချယ်ခဲ့ရသည်။ အကျိုးဆက်အနေဖြင့် ပြည်တွင်းစစ်နှင့် လက်နက်ကိုင်ပဋိပက္ခများသည်လည်း ဆယ်စုနှစ် (၇) ခုနီးပါး သက်စိုးရှည်နေပြီး မချုပ်ငြိမ်းနိုင်သေးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် ကြီးမားသော အဟန့်အတားတစ်ခုအဖြစ် ရှိနေပါသည်။

ထို့ကြောင့် ဖက်ဒရယ်စနစ်သည် ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် အရေးကြီးသော သော့ချက်တစ်ခုဟု ရှုမြင်ကာ ဖက်ဒရယ်စနစ်၏ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်သည့် ဘဏ္ဍာရေးဖက်ဒရယ်စနစ်ကို လေ့လာနိုင်ရန် ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားများနှင့် ဖက်ဒရယ်နိုင်ငံအချို့၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်တို့ကို တင်ပြထားသည်။ ဘဏ္ဍာရေးဖက်ဒရယ်စနစ်၏ အခြေခံသဘောတရားအရ အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာများကို ခွဲဝေရာတွင် ချိန်ခွင်လျှာဖြစ်ရန် လိုပါသည်။ ဆိုလိုသည်မှာ တစ်နိုင်ငံလုံး၏ အကျိုးစီးပွားများကို ဖော်ဆောင်ရန် ပြည်ထောင်စုအစိုးရအား ဘဏ္ဍာရေးအာဏာများ အပ်နှံ ထားမှုသည် ပြည်နယ်/တိုင်းဒေသကြီးများက ၎င်းတို့၏ အုပ်ချုပ်မှု နယ်မြေအတွင်းရှိ အရေးကိစ္စများကို ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့ကို ကျင့်သုံးနိုင်ရန် ဘဏ္ဍာရေးအာဏာများ အပ်နှံထားမှုတို့သည် သဟဇာတဖြစ်ရန် အရေးကြီးပါသည်။ သို့မှသာလျှင် အစိုးရအဖွဲ့များအကြား ဖြစ်ပေါ်လာနိုင်မည့် ပဋိပက္ခများကို လျော့နည်းအောင်နှင့် ငြိမ်းချမ်းရေးရေရှည်တည်တံ့အောင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

ဖက်ဒရယ်နိုင်ငံများသည် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ သမိုင်းကြောင်းများ မတူညီကြသဖြင့် ၎င်းတို့၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် အခြေခံတူညီချက်များ ရှိသကဲ့သို့ မတူညီသော အချက်များလည်းရှိသည်။ ဥပမာ – အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာများ ခွဲဝေမှုကို နိုင်ငံ၏ ဖွဲ့စည်းပုံထဲ၌ ထည့်သွင်း ပြဋ္ဌာန်းထားခြင်း၊ အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးမညီမျှမှုများကို ကုစားသည့် အစီအစဉ်များ ထားရှိခြင်းတို့ကို တွေ့ရပြီး ၎င်းတို့သည် ဖက်ဒရယ်နိုင်ငံအလိုက် ကွဲပြားသည့်အပြင် ခေတ်ကာလအလိုက်လည်း ပြောင်းလဲမှု ရှိသည်ကို တွေ့ရသည်။ အရေးကြီးသော အချက်တစ်ခုမှာ အစိုးရအဖွဲ့များအကြား ဘဏ္ဍာရေးအာဏာအပါအဝင် လုပ်ပိုင်ခွင့် အာဏာများကို ခွဲဝေရာတွင် ကျိုးကြောင်းဆီလျော်သော အခြေခံမူများအပေါ် အခြေခံပြီး စနစ်တကျ ခွဲဝေထားသည်ကို တွေ့ရှိရသည်။ ဥပမာ – ပြည်သူနှင့် အနီးဆုံးအစိုးရအဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာအပ်နှံသည့် (Subsidiarity principle) မူအရ ပြည်နယ်/တိုင်းဒေသကြီးနှင့် ဒေသန္တရအစိုးရတို့ ဆောင်ရွက်နိုင်ခြင်းမရှိသည့် ပြည်သူ့ဝနေ်ဆာင်မှု လုပ်ငန်းတာဝန်များကိုသာ ပြညေ်ထာင်စုအစိုးရအား ပေးအပ်သည်။ ဘဏ္ဍာရေးအာဏာများ ခွဲဝေရာတွင်လည်း ထိရောက်မှု (efficiency) နှင့် မျှတမှု (equity) မူတို့ကို အခြေခံပြီး ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းကို ပို၍ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှု (တစ်နည်းအားဖြင့် ကုန်ကျစရိတ် သက်သာစွာဖြဖင့် ဆောင်ရွက်နိုင်မှု) နှင့် ပြည်နယ်/တိုင်းဒေသကြီးများအကြား ဘဏ္ဍာရေးမျှတမှုကို ပို၍ အာမခံပေးနိုင်မှုတို့အပေါ် မူတည်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ကို ဘဏ္ဍာရေးအာဏာများ ပေးအပ်လေ့ရှိသည်။

မြန်မာနိုင်ငံတွင် စစ်အစိုးရလက်ထက်၂၀ဝ၈ ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းလိုက်သည့် နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြင့် ၂၀၁၀ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့၌ “ဒီမိုကရေစီနည်းကျ” ရွေးကောက်ပွဲများ ကျင်းပကာ အုပ်ချုပ်ရေးစနစ်သစ်ကို စတင်ကျင့်သုံးနေသော်လည်း ဗဟိုချုပ်ကိုင်မှု လွန်ကဲနေဆဲဖြစ်သည်။…………..

စာတမ်းအပြည့်အစုံသို့ – ENAC_FiscalFederalismPaper_Bur

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.