English   ျမန္မာ

Sectoral Policy Recommendations for Building Future Federal Democratic Union (Draft) 2nd edition (Burmese Version)

0
Want create site? Find Free WordPress Themes and plugins.

အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက် မူဝါဒအကြုံပြုချက်များ


နိဒါန်း

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသို့ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် ပါဝင်ကြမည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EAOs)၊ တိုင်းရင်းသားနိုင်ငံရေးပါတီများ (EPPs)၊ လူထုအခြေပြုအဖွဲ့အစညး်များ (CSOs) နှင့် အရပ်ဖက်လူ့အဖွဲ့အစည်းများ (CBOs) အကြား မူဝါဒဆိုင်ရာ တူညီသော ဘုံနားလည်မှုများ (Common Understands) ရရှိရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (ENAC) မှ စီစဉ်ဆောင်ရွက်သောမူဝါဒဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲများမှ ထွက်ပေါ်လာသည့် မူဝါဒအကြံပြုချက် (မူကြမ်း) များကိုဤစာအုပ်တွင် စုစည်းထားပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲများတွင် EAOs၊ EPPs၊ CSOs/CBOs အဖွဲ့အစည်းများမှ ခေါင်းဆောင်ကိုယ်စားလှယ်များ၊ နိုင်ငံတကာနှင့် ပြည်တွင်းမှ ကျွမ်းကျင်သူများ ပါဝင်တက်ရောက်ဆွေးနွေးပြီး ရေးသားထားသော အကြံပြုချက် (မူကြမ်း) များ ဖြစ်ပါသည်။ (၂၀၁၄) ခုနှစ် ဒီဇင်ဘာလတွင် စတင်ခဲ့သော မူဝါဒဖော်ဆောင်သည့် အလုပ်ရုံဆွေးနွေးပွဲများမှ မူဝါဒဆိုင်ရာ ခေါင်းစဉ်ပေါင်း (၉) ခုကို ဆွေးနွေးအကြံပြုထားပြီး ဖြစ်ပါသည်။

ယင်းကဲ့သို့ ဆွေးနွေးအကြံပြုပြီး ရရှိလာသော မူဝါဒအကြံပြုချက်များကို ခေါင်းစဉ်အလိုက် ဖွဲ့စသည်းထားသော (CWGs) ခေါ် အလုပ်အဖွဲ့များနှင့်သော်လည်းကောင်း၊ EAOs အဖွဲ့အစည်းများမှ ခေါင်းဆောင်များနှင့်သော်လည်းကောင်း အလုပ်ရုံဆွေးနွေးပွဲများ ထပ်မံကျင်းပပြီး ပြည်လည်သုံးသပ်ခဲ့ပါသည်။ ထိုသုံးသပ်များကို EAOs အဖွဲ့အစည်းအသီးသီး အခြေစိုက်ရာဒေသများသို့ ENAC မှ သွားရောက်ပြီး ယင်းအဖွဲ့အစည်းများမှ တာဝန်ရှိပုဂ္ဂုလ်များ၊ ဒေသအတွင်းရှိ CSOs/CBOs အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာ ၎င်းတို့ထံမှ ပြင်ဆင်ချက်နှင့် အကြံပြုချက်များကို ရယူခဲ့ပါသည်။

အထက်ဖော်ပြပါကွင်းဆင်းပြီး ရရှိလာသောပြင်ဆင်ဖြည့်စွက်ထားသည့် မူဝါဒမူကြမ်းများကို ENAC မှ စုစည်း၍ ကွဲပြားသည့်ဖြည့်စွက်ချက်များနှင့် ဆင်တူရိုးမှား ဖြည့်စွက်ချက်များအတွက် ဘုံနားလည်မှုများ ရရှိနိုင်ရန် EAOs၊ EPPs ခေါင်းဆောင်များနှင့် ခေါင်းစဉ်အလိုက်ဖွဲ့စည်းထားသော (CWGs) ခေါ် အလုပ်အဖွဲ့ဝင်များကို ဖိတ်ခေါ်ကာ (၂၀၁၆) ခုနှစ် မေလ (၂၉ -၃၀) နေ့ရက်များတွင် အလုပ်ရုံဆွေးနွေးပွဲတစ်ခု ထပ်မံပြုလုပ်၍ ထွက်ပေါ်လာသည့် မူဝါဒ (မူကြမ်း) များ ဖြစ်ပါသည်။ ၎င်းမူဝါဒ (မူကြမ်း) ကို ညီညွတ်သောတိုင်းရင်းသားလူမျိုးများကောင်စီ (UNFC) က အတည်ပြုပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် အခြေခံသင့်သော ကဏ္ဍအလိုက်မူဝါဒအကြံပြုချက် (မူကြမ်း) များအဖြစ် ၂၀၁၆ ခုနှစ် ဇွန်လတွင် ပထမအကြိမ် ပုံနှိပ်ထုတ်ဝေ ခဲ့ပါသည်။

၎င်းစာအုပ်အဖြစ် ထုတ်ဝေလိုက်သော ကဏ္ဍ (၉) ခု ပါဝင်သည့် မူဝါဒအကြံပြုချက် (မူကြမ်း) များကို ပြည်နယ်များနှင့်တိုင်းဒေသကြီးများရှိ တိုင်းရင်းသားပြည်သူလူထုများအကြား ဘုံနားလည်မှုရရှိရန်နှင့် ၎င်းတို့၏ အကြံပြုချက်များ ပါဝင်လာနိုင်ရန်အတွက် မော်လမြိုင်၊ ဘားအံ၊ ကျိုင်းတုံ၊ လာရှိုး၊ တောင်ကြီး၊ မြစ်ကြီးနား၊ စစ်တွေ၊ လွယ်ကော်၊  ထာဝယ်၊ ဟားခါးနှင့် ကလေးမြို့များတွင် ENAC မှ သွားရောက်ပြီး၎င်းသေဒအတွင်းရှိ နိုင်ငံရေးပါတီများ၊ လူထုအခြေပြု အဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ တာဝနှ်ရှိပုဂ္ဂိုလ်များ၊ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ကာ ၎င်းတို့ထံမှ ပြင်ဆင်ချက်နှင့် အကြံပြုချက်များကို ရယူခဲ့ပါသည်။ ………………………………………..

To read more…….Download link here – Sectoral-Policy-Recommendations-for-Building-Future-Federal-Democratic-Union-Draft-2nd-Edition-

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.