English   ျမန္မာ

Mother Tongue-Based Multilingual Education System in a future federal democratic union of Burma (Burmese Version)

0
Want create site? Find Free WordPress Themes and plugins.

မိခင်ဘာသာစကားအခြေပြုဘာသာစကားစုံပညာရေးစနစ်

မြန်မာနိုင်ငံပညာရေးမူဝါဒဆိုင်ရာ စဉ်းစားချက်များ

၂၀၁၈ ခုနှစ်၊ မေလ

နိဒါန်း

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်အား အခြေပြု၍ ပြည်ထောင်စုစနစ်ဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာခဲ့သည်။ ထို့ကြောင့် သမိုင်းကြောင်းအရ ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် လူမျိုးတစ်မျိုးတည်းဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်မဟုတ်ဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ မတူညီကွဲပြားခြားနားသော ရေခံမြေခံသဘာဝ (ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု) အခြေခံမှုဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဦးနေဝင်းအစိုးရအဖွဲ့၏ (၁၉၇၄) ခုနှစ် ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၁) ပြဋ္ဌာန်းချက်အရ ပြည်နယ် (၇) နယ်နှင့် တိုင်း (၇) တိုင်းဟူ၍ သတ်မှတ်ခဲ့သည်။ မြန်မာနိုင်ငံသည် ပြည်နယ်နှင့် တိုင်း (၁၄) ခုဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော်လည်း၊ နိုင်ငံတစ်ခုလုံး၏ အဓိက ရုံးသုံးဘာသာစကားမှာ ဗမာဘာသာစကားဖြစ်သည်။ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများ မတူညီကြသော်လည်း ဗမာလူမျိုးများ၏ ဗမာမှုပြုနေခြင်း (Burmanization) များကို ယနေ့အထိတိုင် တိုင်းရင်းသားလူမျိုးများ၏ နေထိုင်ရာ သေဒဖြစ်သော ပြည်နယ်များ၌သာမက၊ တိုင်းဒေသကြီးများ (တိုင်းရင်းသားများ နေထိုင်ရာ) တွင်လည်း ခွဲခြားဆက်ဆံမှုများကိုတနည်းတဖုံ ပုံစံအမျိုးမျိုးဖြင့် ကြုံတွေ့နေရသည်။

တိုင်းရင်းသား လူမျိုးနွယ်စုအသီးသီ၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုများသည် ဦးစားပေး အဆင့်တွင် မပါဝင်ပေ။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများသည် ခေတ်အဆက်ဆက် အုပ်ချုပ်ခဲ့သော အစိုးရများ၏ ပညာရေးအခန်းကဏ္ဍတွင် မိခင်ဘာသာစကားဖြင့် သင်ကြားပေးရာတွင် ဦးစားပေးခံရမှု အလွန်အင်မတန် နည်းပါးနေသည်ကိုတွေ့ရှိရသည်။ အထူးသဖြင့် အခြေခံပညာရေး၌ တိုင်းရင်းသားများသည် မိမိတို့၏ ရိုးရာစာပေ၊ ယဉ်ကျေးမှုများကို သင်ရိုးညွှန်းတမ်းများတွင် မိခင်ဘာသာစကားဖြင့်သော်လည်းကောင်း၊ စာပေအားဖြင့်သော်လည်းကောင်း သင်ကြားခွင့်မရရှိသောကြောင့် ပညာရေး၌ တိုးတက်မှု အားနည်းနေသည်ကို တွေ့ရှိနေရပါသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေများ၌ (၁၉၄၇၊ ၁၉၇၄ နှင့် ၂၀ဝ၈) မြန်မာဘာသာစကားကို ရုံးသုံးဘာသာစကားအဖြစ် ပုံနှိပ်ပြဋ္ဌာန်းထားသည်ကို လေ့လာတွေ့ရှိရပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အများစုတွင် တိုင်းရင်းလူမျိုးများ၏ စာပေ၊ ယဉ်ကျေးမှုများကို ထိန်းသိမ်းပေးနိုင်သောအဆင့်အထိသာ ဖော်ပြထားသည်။ လက်တွေ့အားဖြင့် ပညာရေးဖြင့် ပညာရေးအခန်းကဏ္ဍတွင် ဗမာဘာသာစကားဖြင့် ပုံနိုပ်ပြဋ္ဌာန်းသင်ကြား လျက်ရှိပေပါသည်။

ခေတ်အဆက်ဆက် အစိုးရများအား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများသည် ပညာသင်ကြားနေသော တိုင်းရင်းသားများအတွက် မိခင်ဘာသာစကားဖြင့် သင်ကြားခွင့်ရရှိရေးအတွက် အတိတ်ကာလများတွင်သာမက၊ ယခုပစ္စုပ္ဗန်ကာလ နိုင်ငံရေးအခြေအနေထိတိုင်အောင် အကြိမ်ကြိမ် အဆိုပြုလျက်ရှိနေပါသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် (ဗဟို) အစိုးရအနေဖြင့် တိုင်းရင်းသားလူမျိုးများကို မိမိတို့ စာပေများအား တရားဝင်အသိအမှတ်ပြု သင်ကြားခွင့်ပြုခြင်းသာမက၊ နယ်စပ်ဒေသများ၌ တိုင်းရင်းသားလူမျိုးများမှ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဖွင့်လှစ်လျက်ရှိသော စာသင်ကျောင်းများကိုလည်း တရားဝင်အသိအမှတ်ပြုခြင်း လိုအပ်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုရရှိစေရုံသာမက မိမိတို့၏ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်ခြင်းစသော အကျိုးကျေးဇူးများကိုလည်း ရရှိခံစားနိုင်မည် ဖြစ်ပါသည်။ အကျိုးရလဒ်မှာ လက်ရှိပြည်ထောင်စု တမျိုးသားလုံးမှ လိုလားလျက်ရှိသော ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်မှာလည်း အလှမ်းမဝေးနိုင်တော့ပေ။

စာအုပ်ကိုရယူရန် – ENAC_EducationPaper_(Burma Version)

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.