သုတေသနအကျဉ်းချုပ်
မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း တော်လှန်ရေးအကူးအပြောင်းကာလတွင်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးနှင့် ပြည်နယ်များအတွင်း အားကောင်းသည့် ဒေသန္တရအုပ်ချုပ်ရေးယန္တရား ပေါ်ထွန်းလာရေးတို့ကို အားထုတ်ကြိုးပမ်းလျက် ရှိကြသည်။ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရာတွင်အရေးပါသည့်ဒေသန္တရအစိုးရများသည်ပြည်သူလူထုနှင့် အနီးကပ်ဆုံးအစိုးရဖြစ်ပြီး လူထု၏ပြသနာရပ်များကို နေ့တစ်ဓူဝထိတွေ့မှုနှင့်နားလည်ကျွမ်းကျင်မှုအရှိဆုံးဖြစ်သည့်အစိုးရများဖြစ်ကြသည်။ ၄င်းတုိ့၏အခန်းကဏ္ဍသည် ရပ်ရွာပြည်သူ့အကျိုးစီးပွားနှင့် အခြေခံဝန်ဆောင်မှုများအပြင် ဒေသလိုအပ်ချက်အလိုက် ထိရောက်စွာဆောင်ရွက်နိုင်ရန်၊ လူထု၏အသံနှင့်ပူးပေါင်းပါဝင်မှုများကို တိုးမြှင့်နိုင်ရန်နှင့် လူထုအားကိုယ်စားပြုရန် ဖြစ်သည်။
ထို့ကြောင့် ဒေသန္တရအစိုးရများအားကောင်းစွာ ဖြစ်တည်ပေါ်ထွန်းလာနိုင်ရေးသည် ပြည်ထောင်စုထူထောင်ရေးအတွက် အရေးပါသည့် ခေြလှမ်းတစ်ခု ဖြစ်သည်။ ဒေသန္တရအစိုးရများသည် ဖက်ဒရယ်ပြည်ထောင်စုတစ်ခုတွင် အရေးပါသည့်အစိုးရတစ်ရပ်ဖြစ်ကြောင်းနှင့် ၄င်းတို့၏အခန်းကဏ္ဍများကို နားလည်နိုင်ရန် ဤစာတမ်းကို ရေးသားပြုစုထားပါသည်။ ထို့အတူဤစာတမ်းတွင် ပဋိပက္ခကာလအတွင်း ဒေသန္တရအစိုးရများ ပေါ်ထွန်းခြင်းဆိုင်ရာသဘောတရားများနှင့် ပဋိပက္ခအလွန်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးကာလတို့တွင် တည်ဆောက်နိုင်မည့် ဒေသန္တရအစိုးရဆိုင်ရာသဘောတရားများကို ခွဲခြားလေ့လာထားသည်။
ဤစာတမ်းသည် အရည်အသွေးအခြေပြုသုတေသနနည်းလမ်းကို အခြေခံ၍ ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာသဘောတရားများ၊ ဖက်ဒရယ်နိုင်ငံများ၏ လက်တွေ့တွင် အကောင်အထည်ဖော်လျက်ရှိသော ဒေသန္တရအစိုးရယန္တရားစနစ်များနှင့် မြန်မာနိုင်ငံအတွင်းမှကရင်နီပြည်နယ်၏ ဒေသန္တရအစိုးရထူထောင်ခြင်းကို ပြုစုရေးသားတင်ပြထားသည်။
စာတမ်း၏ တွေ့ရှိချက်အရ တိုင်းရင်းသားပြည်နယ်တစ်ခုဖြစ်သည့် ကရင်နီပြည်နယ်တွင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ ထိန်းချုပ်နယ်မြေများတွင် အစဉ်အဆက်က ထူထောင်ကျင့်သုံးလာပြီးဖြစ်သော အုပ်ချုပ်ရေးယန္တရားတွင် ဒေသန္တရအစိုးရသဘောတရားများ တည်ရှိပြီးသားဖြစ်သည်။ကရင်နီပြည်နယ်၏ ဒေသန္တရအစိုးရထူထောင်မှုကို လုံခြုံရေး၊တရားဝင်မှု၊လူထုဝန်ဆောင်မှုပေးခြင်း ရှုထောင့် (၃) ခုဖြင့် တိုင်းတာရာ၌ လုံခြုံရေးထိရောက်စွာပေးနိုင်မှုသည် လူထုအသိအမှတ်ပြုလက်ခံရရှိရေးနှင့် ထိရောက်သည့် လူထုဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် အဓိကြသည့်ကဏ္ဍတစ်ခု ြဖစ်သည်။ ပြည်သူလူထုအသိအမှတ်ပြုလက်ခံသည့်ဒေသန္တရအုပ်ချုပ်ရေးယန္တရားတစ်ရပ် ပီပြင်စွာေပါ်ထွန်းလာနိုင်ရန် ပြည်နယ်အတွင်း အင်အားစုများ စုစည်းနိုင်မှုသည်လည်း အရေးကြီးသည်ကို တွေ့ရသည်။ သို့ဖြစ်၍ ကရင်နီပြည်နယ်အတွက် ဒေသန္တရအစိုးရထူထောင်ခြင်းဆိုင်ရာ ကြုံတွေ့ရသည့် စိန်ခေါ်မှုများကို ဆွေးနွေးတင်ပြထားသည်။
Please download the full version of the paper below