English   မြန်မာ

တတိယအကြိမ် ၂၁-ပင်လုံနှင့် နောက်ဆက်တွဲ မြန်မာ့ငြိမ်းချမ်းရေး by 7Day TV

0
Want create site? Find Free WordPress Themes and plugins.

တတိယအကြိမ် ၂၁ ပင်လုံနှင့် နောက်ဆက်တွဲ မြန်မာ့ငြိမ်းချ

တတိယအကြိမ် ၂၁ ပင်လုံနှင့် နောက်ဆက်တွဲ မြန်မာ့ငြိမ်းချမ်းရေး ဇူလိုင်-၂၁၊ ၂၀၁၈ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံတတိယအစည်းအဝေးကြီးကို နေပြည်တော်မှာ ကျင်းပပြီးစီးခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့ပြည်တွင်းလက်နက်ကိုင် တော်လှန်ရေးဖြစ်စဉ်တွေကို အစိုးရအဆက်ဆက်နည်းမျိုးစုံနဲ့ ကိုင်တွယ်ဖြေရှင်းလာခဲ့ကြပေမယ့် မပြေလည်ခဲ့တဲ့အပြင် တစ်ဖက်နဲ့ တစ်ဖက် သံသယနဲ့ မယုံကြည်မှုတွေပိုမိုတိုးပွားခဲ့တာကြောင့် ပြည်တွင်းစစ်နွံထဲမှာ နှစ်ပေါင်း ၇၀ လောက် နစ်နေခဲ့ရတာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့အတူ ပြည်တွင်း ငြိမ်းချမ်းရေးဖြစ်စဉ်များဟာလည်း တဖန်ပြန်သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းအစိုးရလို့ခေါ်လို့ရတဲ့သမ္မတဦးသိန်းစိန်ရဲ့ပြည်ခိုင်ဖြိုးအစိုးရတာဝန်ယူပြီးနောက်မှာတော့ ၂၀၁၁ သြဂုတ်လ ၁၈ ရက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါတယ်။ ဒီရဲ့ အကျိုးဆက်ဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ကလည်း မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တာပါ။အခုကျင်းပ ပြီးစီးသွားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာတော့ နိုင်ငံရေးကဏ္ဍအခြေခံမူ ၄ ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ ၁ ချက်၊ လူမှုရေး ကဏ္ဍ အခြေခံမူ ၇ ချက်နဲ့ မြေယာနှင် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ အခြေခံမူ ၂ ချက်တို့ကို သဘောတူ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ အဖြစ် သဘောတူခဲ့ကြပါတယ်။ဒါပေမယ့်၂၁ရာစုပင်လုံဒုတိယအစည်းအဝေးနဲ့တတိယအစည်းအဝေးကြားတစ်နှစ်ကျော်ကွာဟသွားခဲ့ပြီး အခု ပြီးစီးခဲ့တဲ့ တတိယ ပင်လုံ အစည်းအဝေးမှာ ရခဲ့တဲ့ သဘောတူညီချက်တွေဟာလည်း နည်းပါးနေခြင်းတို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာ စောင့်ကြည့်နေသူတွေကြား မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။ဒါကြောင့် 7Day TV ရဲ့ ဒီတစ်ပတ် Live Talk စကားဝိုင်းမှာ တတိယအကြိမ် ၂၁ ပင်လုံနှင့် နောက်ဆက်တွဲ မြန်မာ့ငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Posted by 7Day TV on Friday, July 20, 2018

ဇူလိုင်-၂၁၊ ၂၀၁၈

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကပဲပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံတတိယအစည်းအဝေးကြီးကို နေပြည်တော်မှာ ကျင်းပပြီးစီး ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့လွတ်လပ်ရေးနဲ့အတူပေါက်ဖွားလာတဲ့ပြည်တွင်းလက်နက်ကိုင် တော်လှန်ရေးဖြစ်စဉ်တွေကို အစိုးရအဆက်ဆက်နည်းမျိုးစုံနဲ့ ကိုင်တွယ်ဖြေရှင်းလာခဲ့ကြပေမယ့် မပြေလည်ခဲ့တဲ့အပြင် တစ်ဖက်နဲ့တစ်ဖက် သံသယနဲ့ မယုံကြည်မှုတွေပိုမိုတိုးပွားခဲ့တာ ကြောင့် ပြည်တွင်းစစ်နွံထဲမှာ နှစ်ပေါင်း (၇၀) လောက် နစ်နေခဲ့ရတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြောင်းလဲမှု ဖြစ်စဉ်တွေနဲ့အတူ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်များဟာလည်း တဖန်ပြန်သက်ဝင်လှုပ်ရှားလာခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းအစိုးရလို့ခေါ်လို့ရတဲ့သမ္မတဦးသိန်းစိန်ရဲ့ပြည်ခိုင်ဖြိုးအစိုးရတာဝန်ယူပြီးနောက်မှာတော့ ၂၀၁၁ သြဂုတ်လ (၁၈) ရက်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ငြိမ်းချမ်းရေး ကမ်းလှမ်းခဲ့ပါတယ်။

ဒီရဲ့ အကျိုးဆက်ဖြစ်တဲ့ ၂၁ ရာစု ပင်လုံ ကလည်း မကြာသေးမီက ကျင်းပပြီးစီးသွားခဲ့တာပါ။

အခုကျင်းပ ပြီးစီးသွားခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံမှာတော့ နိုင်ငံရေးကဏ္ဍအခြေခံမူ (၄) ချက်၊ စီးပွားရေးကဏ္ဍ အခြေခံမူ ၁ ချက်၊ လူမှုရေး ကဏ္ဍ အခြေခံမူ (၇) ချက်နဲ့ မြေယာနှင် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍ အခြေခံမူ (၂) ချက်တို့ကို သဘောတူ လက်မှတ်ရေးထိုးပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ အဖြစ် သဘောတူခဲ့ကြပါတယ်။

ဒါပေမယ့်၂၁-ရာစုပင်လုံဒုတိယအစည်းအဝေးနဲ့တတိယအစည်းအဝေးကြားတစ်နှစ်ကျော်ကွာဟသွားခဲ့ပြီး အခု ပြီးစီးခဲ့တဲ့ တတိယ ပင်လုံ အစည်းအဝေးမှာ ရခဲ့တဲ့သဘောတူညီချက်တွေဟာလည်း နည်းပါးနေခြင်းတို့ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို လေ့လာစောင့်ကြည့်နေသူတွေကြား မေးခွန်းထုတ်စရာတွေ ဖြစ်လာခဲ့ပါတယ်။

ဒါကြောင့် 7Day TV ရဲ့ ဒီတစ်ပတ် Live Talk စကားဝိုင်းမှာ တတိယအကြိမ် ၂၁ ပင်လုံနှင့် နောက်ဆက်တွဲ မြန်မာ့ငြိမ်းချမ်းရေး ခေါင်းစဉ်နဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.