English   မြန်မာ

UNFC CEC Extend Meeting Press Release, January 8, 2018

0
Want create site? Find Free WordPress Themes and plugins.

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေး သတင်းထုတ်ပြန်ချက်

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီ (တိုးချဲ့) အစည်းအဝေးတစ်ရပ်ကို ၂၀၁၈ ခုနှစ်၊ ဇန်န၀ါရီလ (၆) ရက်နေ့မှ (၈) ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် UNFC ၏ အထွေထွေလုပ်ငန်းစဉ်များကိုလည်းကောင်း၊ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကို လည်းကောင်း ပြန်လည်သုံးသပ်၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ခဲ့ကြပါသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ နိုင်ငံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN) ၏ အဆိုပြုချက် (၉) ချက်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင် (PC) နှင့်ညှိနှိုင်းလျှက်ရှိရာ နောက်ဆုံးတစ်ဆို့နေသည့် အချက်များအပေါ် အဖြေရရှိရေးအတွက် နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံညှိနှိုင်းနိုင်ရန်နှင့် အခြားနည်း လမ်းများကိုလည်း ဆက်လက်ရှာဖွေ ကြိုးပမ်းသွားမည် ဖြစ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ (UNFC)

 

ဆက်သွယ်ရန်  

ဦးထွန်းဇော်      – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖုန်း  +66(0)81-680-8934

နိုင်အောင်မငေး – ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဖုန်း +66(0)92-849-7352

Did you find apk for android? You can find new Free Android Games and apps.
Share.

Comments are closed.